Tuesday, June 14, 2016

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ဆောင်နေမှုများ ဆွေးနွေး


နေပြည်တော် ဇွန် ၁၃
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ရေးနှင့် စစ်ရေးမဟုတ်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တူရကီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာလက်ကာဘူတိုကလူး တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် ရခိုင်ဒေသအတွင်း ကူညီထောက်ပံ့မှုအစီအစဉ်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ ရေး လုပ်ဆောင်နေမှုများ၊ တပ်မတော်အနေဖြင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ရောက်ရှိနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေးအတွက် လုပ်ဆောင်ခဲ့ရသည့် အခြေအနေများကိုလည်း ဆွေးနွေး ခဲ့ကြသည်။ (မြ၀တီ)

No comments:

Post a Comment