နေပြည်တော်
ဇွန် ၇
စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ
လီရှန်လုံး နှင့် ဇနီးတို့အား နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂
နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည်။
တွေ့ဆုံစဉ် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော
နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် မဖြစ်စေရေးသဘောတူ စာချုပ်ကို ခေတ်အခြေ အနေနှင့် အညီ ပြန်လည်သုံးသပ်ရေး၊
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ စင်ကာပူလေကြောင်း လိုင်းများ
မြန်မာနိုင်ငံမြို့ကြီးများသို့ တိုးချဲ့ပျံသန်းပို့ဆောင်ခြင်းအပါအ၀င် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-စင်ကာပူ သက်မွေးပညာသင်တန်းကျောင်း၌
ဝန်ဆောင်မှုနှင့် သက်မွေး ၀မ်းကျောင်းဆိုင်ရာ သင်တန်းများ တိုးမြှင့်ဖွင့်လှစ် သင်ကြားရေးတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊
ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ
တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူ ၀န်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ
မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ
ရောဘတ်ချွာလည်း တက်ရောက်သည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်
ဇနီးဒေါ်စုစုလွင်တို့က စင်ကာပူ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ဇနီးတို့အား သမ္မတအိမ်တော်၌
ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ
ဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လုံးသည်
နိုင်ငံတော်အစိုးရသစ် စတင် တာဝန်ယူစဉ်ကာလအတွင်း ပထမဆုံး ချစ်ကြည်ရေးခရီး အလည်အပတ် လာရောက်
သည့် နိုင်ငံ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
စင်ကာပူနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်တွင်
ကျရောက်လျက် ရှိနေသေး သည့် ၁၉၅၂ ခုနှစ် စက်တင် ဘာလကတည်းက မြန်မာနှင့် စင်ကာပူတို့ အကြား
ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည့် သမိုင်း အစဉ်အလာကောင်းများ ရှိခဲ့ သည်။
၁၉၆၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် ကောင်စစ်ဝန်ချုပ်အဆင့်အထိ
တိုးမြှင့် ဆောင် ရွက်ခဲ့သည်။
မလေးရှားမှ ခွဲထွက်ပြီး တရားဝင်အချုပ်အခြာအာဏာပိုင်နိုင်ငံ
တစ်နိုင်ငံအဖြစ် ၁၉၆၅ ခုနှစ် သြဂုတ် ၉ ရက်တွင် ကြေညာနိုင်ခဲ့ပြီးနောက် စင်ကာပူသမ္မတနိုင်ငံအား
မြန်မာနိုင်ငံမှ အသိအမှတ်ပြုကြောင်းကို ၁၉၆၅ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့သည်။
ယင်းနောက် မြန်မာ-စင်ကာပူ သံအမတ်ကြီးအဆင့် ဆက်သွယ် ဆောင်ရွက်မှုကို ၁၉၆၆ ခုနှစ် သြဂုတ်
၁၂ ရက်တွင် စတင်ခဲ့သည်။
နှစ်နိုင်ငံအကြား သက်ဆိုင်ရာ မြို့တော်များ၌
သံအမတ်ကြီးများ ခန့်အပ်ရေးကို ၁၉၉၄ ခုနှစ် ဇူလိုင်တွင် နှစ်ဖက်သဘောတူ ဆောင်ရွက်ခဲ့ကြပြီး
လက်ရှိတွင် စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ
စင်ကာပူ သံအမတ်ကြီးအဖြစ် မစ္စတာ ရောဘတ်ချွာတို့က ထမ်း ဆောင်လျက်ရှိသည်။





No comments:
Post a Comment