နေပြည်တော်
ဇွန် ၇
ပွင့်လင်းမြင်သာမှုသည် အဓိကကျကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေး
ဝန်ကြီးရုံးတွင် ပြုလုပ်သည့် ၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ မီဒီယာဆက်ဆံရေး
အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဆင်သင့်မဖြစ်သည့်
အဖြေများ မဖြစ်စေရန် ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ပြီး ထိုသို့ ပြင်ဆင်ထားမည် ဆိုပါက
မေးခွန်းတိုင်းကို ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊ ပြောရေးဆိုခွင့်ရှိသူများကို ၀န်ကြီးဌာနများတွင်
ခန့်အပ်လုပ်ဆောင်ခြင်းသည် ၀တ္တရားအရ လုပ်ဆောင်သည်ဟု မသတ်မှတ်စေလိုကြောင်း၊ မီဒီယာသည်
သူတို့အလုပ်ကို သူတို့လုပ်ဆောင်သလို မိမိတို့သည်လည်း မိမိတို့အလုပ်ကို လုပ်ခြင်းဟု
သတ်မှတ်စေလိုပါကြောင်း၊ ပြည်သူနှင့် ထိတွေ့ရန် မီဒီယာကို ကြားခံအသုံးပြုခြင်း ဖြစ်ကြောင်း၊
ယနေ့ဆွေးနွေးပွဲသည် မိမိအလုပ်ကို ပိုမိုကောင်းမွန်စေရန် လေ့ကျင့်ပေးသည်ဟု သတ်မှတ်စေလိုကြောင်း၊
ယနေ့သည် စုပေါင်းလေ့ကျင့်ရသည့်အချိန် အခါ ဖြစ်ပါကြောင်း၊ ပြောရေးဆိုခွင့် ရှိသူ အသီးသီးက
မိမိဌာနနှင့် ပတ်သက်သည့် အကြောင်းခြင်းရာများကို ကြိုတင် ပြင်ဆင်ထားစေလိုကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်သတင်းစာပညာကျောင်းမှ
ဒါရိုက်တာ ဦးရဲနိုင်မိုးက သတင်းထုတ်ပြန် ချက် ရေးသားခြင်း၊ သတင်းဖြေကြားခြင်း၊ သတင်းရေးသားနည်း၊
အင်တာဗျူးဖြေဆိုခြင်း စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး တက်ရောက်လာသူများနှင့်
အပြန်အလှန် ဆွေးနွေးခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၈ ရက်အထိ
ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

No comments:
Post a Comment