နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့၏
ဖိတ်ကြားချက်အရ စင်ကာပူ သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ဇနီး တို့
ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့်
နေပြည်တော်သို့ ရောက်ရှိကြသည်။
စင်ကာပူဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်နှင့်
ဇနီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်
ဇနီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့်ဇနီး၊ စင်ကာပူနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာ နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာနှင့်
တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

No comments:
Post a Comment