Thursday, June 16, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ အာဂျစ် ဒိုဘယ်လ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် (အိန္ဒိယ၀န်ကြီးချုပ် ရုံးဝန်ကြီး) မစ္စတာ အာဂျစ် ဒိုဘယ်လ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများ၊ နည်းပညာကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံလေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရေးတို့ကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment