Thursday, June 16, 2016

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့် အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေး လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၁၆-၆-၂၀၁၆) ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန  စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် (၂၃ - ၅ -၂၀၁၆) ရက်နေ့ မှ ( ၃ - ၆ -၂၀၁၆) ရက်နေ့ထိ လုပ်ငန်းအသိ အမှတ်ပြု လက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ (၂) ဦး ၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသစ်လျှောက်ထားသူမဂ္ဂဇင်း (၂) ဦး ၊ အထွေထွေ (၁၁) ဦး ပေါင်း (၁၃) ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်လိုသူ (၁) ဦး တို့အား အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း (၁၃၄၁) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း (၁၈၁၈) ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း (၃၆) ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်း (၃၁၉၅) ဦးအားအသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်သက်တမ်းတိုး လျှောက်ထားသူ(၁)ဦး  မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၁) ဦးနှင့် ဂျာနယ်လျှောက်ထား လာသူ (၁) ဦးတို့အား အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment