နေပြည်တော်- ဇွန် ၈
ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား
လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် စင်ကာပူသမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး
တို့သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ
အမျိုးသား လွှတ်တော် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံကြပြီး
နှစ်နိုင်ငံ ဆက်ဆံရေးနှင့် လွှတ်တော်ချင်း ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်
ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်မှ ကော်မတီ
အတွင်းရေးမှူး များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:
Post a Comment