ရန်ကုန် ဇွန် ၁၁
သက်မွေးပညာရပ်များဖြင့်
ကျွမ်းကျင် လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်နိုင်စေရန်
ဖွင့်လှစ် လျက်ရှိသည့် ရန်ကုန်မြို့ရှိ လူမှု ဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု
သက်မွေးလုပ်ငန်း ပညာသင်ကျောင်း မှ နှစ်စဉ် ကျွမ်းကျင်လုပ်သား ၅ဝဝဝ နီးပါး
မွေးထုတ်ပေးလျက်ရှိ ကြောင်း ဇွန် ၁ဝ ရက်က ပြုလုပ်သည့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း
ပညာသင်ကျောင်း ရန်ကုန်၏(၃/၂ဝ၁၆) သင်တန်းဆင်းပွဲ အခမ်းအနားမှ သိရသည်။
အိမ်တွင်းမှု
သက်မွေးလုပ်ငန်း ပညာသင်ကျောင်း ရန်ကုန်မှ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုး က
''ဒီသင်တန်းက အခု ၂ဝ၁၆ မှာ သုံးကြိမ်မြောက်ဖွင့်တဲ့ သင်တန်းပါ။ နှစ်စဉ်
ဒီကျောင်းကနေ ကျွမ်းကျင် လုပ်သား ၅ဝဝဝ နီးပါးမွေးထုတ်ပေး နိုင်ခဲ့ပါတယ်။
ဒီသင်တန်းက အိမ်တွင်းမှုလုပ်ငန်း ပညာရပ်တွေ ကနေ လုပ်ကိုင် စားသောက်လို့ရတဲ၊့ မိမိဘဝ
မိမိရပ်တည်နိုင်တဲ့သူတွေ ဖြစ်အောင် မွေးထုတ်ပေးနေတာပါ။ သင်တန်းပေါ်မှာ
စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ဒီသင်တန်းက ဆင်းသွား တာနဲ့ လုပ်ကိုင်စားသောက်လို့ရတဲ့
အဆင့်အထိ တတ်မြောက်ကြပါတယ်'' ဟု ပြောသည်။
အဆိုပါ
သင်တန်းကျောင်းမှ သက်မွေးမှု ပညာရပ်ဆိုင်ရာ အချက် အပြုတ်၊ အချုပ်အလုပ်၊
ဇာထိုးပန်းထိုး၊ ပန်း၊ သစ်သီးအလှပြင်စသည့် အဓိက ဘာသာလေးမျိုးကို သင်ကြားပေးပြီး
သင်တန်းအမျိုးအစားအားဖြင့်၂၂ မျိုး သင်ကြားပေးနေကြောင်း သိရ သည်။
သက်မွေးပညာသင်တန်းများကို
တနင်္လာနေ့မှ သောကြာနေ့အထိ လည်းကောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင်လည်းကောင်း
ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ဇွန် ၁၃ ရက် နှင့် ၁၈ ရက်တို့တွင် သင်တန်းသစ်
ဖွင့်လှစ်သွားရန်ရှိကြောင်း၊ သင်တန်း အပတ်စဉ်တစ်ခုအတွက် ခြောက်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါ
သင်တန်းဆင်းပွဲ အခမ်း အနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန
တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးက သင်တန်းသား သင်တန်းသူများအား တက်ရောက်
အမှာစကားပြောကြားခဲ့ပြီး အိမ်တွင်း မှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း
မှဖွင့်လှစ်သည့် သင်တန်းအပတ်စဉ် ၃/၂ဝ၁၆ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၈၇၆
ဦးတက်ရောက် ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ
ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းတွင် ဖွင့်လှစ်ထားသည့် လူမှုဝန်ထမ်းဦးစီး ဌာန
အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ရန်ကုန်)မှ အပတ်စဉ်ဖွင့်လှစ်သည့်
အဆိုပါ သက်မွေး ပညာသင်တန်းများသို့ အိမ်တွင်းမှုလုပ်ငန်းများကို စိတ်ဝင် စားသူ
ကျန်းမာကြံ့ခိုင်သည့် မည်သူ မဆို တက်ရောက်နိုင်ကြောင်း သိရသည်။
No comments:
Post a Comment