Thursday, June 16, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နိုင်ငံတကာဧည့်သည်များအား သီးခြားစီ တွေ့ဆုံ

နေပြည်တော် ဇွန် ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက်(၁၀) နာရီ၌  ဂျာမနီနိုင်ငံ၊ အလုပ်သမား ရေးရာနှင့် လူမှုရေးဝန်ကြီးဌာန၊ State Secretary  Mrs. Yasmin Fahimi  အား လည်းကောင်း၊ နံနက်(၁၁) နာရီတွင်  ကိုရီးယားနိုင်ငံ၊ KOTRA မှ Executive Vice-President ဖြစ်သူ Mr. Yun Won- Sok အားလည်းကောင်း၊ မွန်းလွဲ (၁) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. LIU Cigui အားလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမနှင့် ဧည့်ခန်းမ တို့၌ သီးခြားစီ တွေ့ဆုံသည်။


ဂျာမနီနိုင်ငံ၊ အလုပ်သမားရေးရာနှင့် လူမှုရေးဝန်ကြီးဌာနမှ State Secretary နှင့် တွေ့ဆုံရာစဉ် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပြဿနာများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဂျာမဏီနိုင်ငံ၏ အတွေ့အကြုံ များအား မျှဝေပေးနိုင်ရေးကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံ၊ KOTRA မှ Executive Vice-President နှင့် တွေ့ဆုံစဉ်   ကိုရီယားနိုင်ငံ၏ အကူအညီဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အတွက် ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီး လာရောက်နိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ တရုတ်ပြည်သူ သမ္မတ နိုင်ငံ၊ ဟိုင်နန် ပြည်နယ အုပ်ချုပ်ရေးမှူးအား တွေ့ဆုံစဉ်  နှစ်နိုင်ငံအကြား ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရေး၊ နည်းပညာနှင့်အတွေ့ အကြုံများ မျှဝေနိုင်ရေး၊ လေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ထောက်ပံ့ပေးနိုင်ရေးနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်နိုင်ရေးတို့ကို လည်းကောင်း ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။   

No comments:

Post a Comment