နေပြည်တော် ဇွန် ၁၆
မွန်ဂိုလီးယားနိုင်ငံသမ္မတ
မစ္စတာ ဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ်ဒေါ့ဂ်ျသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် မွန်းလွဲ ၃ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ
Hilton ဟိုတယ်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။
မွန်ဂိုလီးယားသမ္မတသည်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးရေး ကဏ္ဍများတွင် အကူအညီပေးရေးတို့နှင့်
စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဘဏ်လုပ်ငန်းများ
ဆက်သွယ်ဆောင်ရွက်ရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေး အတွေ့အကြုံများဖလှယ်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။


No comments:
Post a Comment