Wednesday, June 8, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇွန် ၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆည်မြောင်းကဏ္ဍဆိုင်ရာ မေးခွန်းများ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ ဟိုပန်မြို့နယ် " ၀ " ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မော်ဟွေ့ကျေးရွာအုပ်စုနှင့် ဟင်းနားကျေးရွာတို့မှ ရေတိုက်စား ကမ်းပါး ပြိုကျမှုများ အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပါ ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ၍လိုအပ်သည့် အသေးစိတ် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ခန့်မှန်း ကုန်ကျငွေကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ရခိုင်ပြည်နယ် ပေါက် တောမြို့နယ် ငခူရှည်ကျေးရွာအုပ်စု ငခူရှည်ဖွံ့ဖြိုးရေးတာတမံ၌ ပျက်စီးနေသော တာတမံ ဆည်ရိုးများကို ပြည်ထောင်စုအစိုးရမှ ပြန်လည်ဆည်ဖို့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ငခူရှည်လယ်သမားတာ၏ ကာကွယ်ဧရိယာအတွင်းရှိ ရေငန်ငါးပုဇွန် မွေးမြူရေးလုပ်ငန်းရှင်များနှင့် လယ်သမားများအကြား ဖြစ်ပွားနေသည့် မပြေလည်မှုများနှင့် အငြင်းပွားမှုများကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ သက်ဆိုင်သည့်ဌာန ဆိုင်ရာ အဖွဲ့အစည်းများမှ ဒေသခံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် များနှင့် ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပြီး နောက် မူလဦးစားပေး ရည်ရွယ်ချက်အတိုင်း မိုးစပါးစိုက်ပျိုးမြေများ ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင် ရန်အတွက် ငခူရှည်လယ်သမား တာပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ယနေ့အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ ပြန်လည်ပေးပို့လာသည့် ပြင်ဆင်ချက် ၄ ခု အနက် ပြင်ဆင်ချက် ၃ ခုကို အမျိုးသား လွှတ်တော်က သဘောတူခဲ့ပြီး ကျန်ပြင်ဆင်ချက်အား ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော် အစည်းအဝေး ၃၉ ရက်မြောက်နေ့ကို ဇွန် ၉ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment