နေပြည်တော် ဇွန် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်
ရက်(၁၀၀) စီမံကိန်းတစ်ခု အပါအဝင်ဖြစ်သည့် ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်းကို သောက်သုံးရေအခက်အခဲရှိသည့်
ဒေသများတွင် စီမံဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ချောက်မြို့နယ်အတွင်းရှိ ရေကန်များ လည်း
အဆိုပါ ကန် (၁၀၀) စီမံကိန်းတွင် အကျုံးဝင်ပါကြောင်း၊ မုတ်သုံရာသီအမီ အချိန်ကိုက် တူးဖော်ပေးနိုင်
ခဲ့သဖြင့် လက်ရှိအချိန်တွင် ဒေသခံပြည်သူများ အကျိုးရှိထိရောက်သည်ကို သိရှိရပါကြောင်း၊
ဒေသခံပြည်သူများအနေဖြင့်
ယင်း သောက်သုံးရေကန်များ ရေရှည်တည်တံ့ခိုင်မြဲအောင် အားလုံးအသိစိတ်ဓါတ်ရှိရှိဖြင့်
ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါကြောင်းဖြင့် ဇွန်(၁၅)ရက် ညနေပိုင်းက
ရေချိုကန်များ တူးဖော်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က တာဝန်ရှိသူများနှင့် ဒေသခံများအား မှာကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ချောက်မြို့နယ်၊ လင်းတကိုင်းကျေးရွာ၊ တုံရွာကျေးရွာ၊ ဂွေးပင်ကြီးကျေးရွာ၊ ဂွေးပင်လေးကျေးရွာနှင့်
ညောင်ကျပ္ပင်ကျေးရွာများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် တူးဖော်ပြီးစီးခဲ့သည့်
ရေချိုသောက်သုံးရေကန်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ
ရေရှားပါးသည့် နေရာများဖြစ်သော ကလိန်ချေ ကျေးရွာ၊ ကျောင်းရွာကျေးရွာ၊ ကျီပင်ခွကျေးရွာများ၌
ရေကန်များအသစ် တူးဖော်ခြင်းနှင့် ပြင်ဆင်တူးဖော်ခြင်း လုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့
သွားရောက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မြန်မာနိုင်ငံနယ်စပ်ဒေသ တစ်လျောက်ရှိ စုစုပေါင်း
မြို့နယ် (၁၀၃) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို
အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ယာဉ်ယန္တရားများ စုဖွဲ့ထားရှိမှု၊
ဖြန့်ခွဲနေရာချထားမှုနှင့် ထပ်မံစေလွှတ်သွားမည့် အစီအမံများ သိုလှောင်ရုံအတွင်းရှိ ယာဉ်ယန္တရားများ၏
ကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အတွင်းရှိ ကျေးရွာ (၅) ရွာ၌ သောက်သုံး ရေကန်များ
တူးဖော်ဆောင်ရွက်ပေးခဲ့မှုကြောင့် အိမ်ခြေ (၉၅၇)ခု၊ အိမ်ထောင်စု (၉၇၇) စု၊ လူဦးရေ (၃၅၈၇)
ဦး၊ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာ၌ သောက်သုံးရေကန်များ
တူးဖော်ဆောင်ရွက်ပေးခဲ့မှုကြောင့် အိမ်ခြေ (၄၁၁) ခု၊ အိမ်ထောင်စု (၄၂၀) စု၊ လူဦးရေ
(၁၇၆၂) ဦးတို့မှာ ရေချိုသောက်သုံးရေများ ကြိုတင်စုဆောင်း၍ ပိုမိုသုံးစွဲနိုင်တော့မည်
ဖြစ်သည်။
ထို့အပြင် ရက် (၁၀၀)
ကန်(၁၀၀) စီမံကိန်းကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်
တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရေကန် (၁၀၀) တူးဖော်ခြင်း၊ ခြံစည်းရိုးကာရန်ခြင်းနှင့်
သောက်သုံးရေများကို အလွယ်တကူရယူ သုံးစွဲနိုင်ရေးအတွက် ရေတုံကင်နှင့် ရေမော်တာများကို
ဒေသခံပြည်သူတို့၏ လိုလားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment