ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်
အဆောက်အဦ၊ လမ်း၊တံတားနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်း များနှင့် စပ်လျဉ်း၍ ပြည်သူများ သိရှိအောင်
သတင်းထုတ်ပြန်သည့် အခမ်းအနားကို ဇွန် ရ ရက် နံနက်(၉)နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၁)၊
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သတင်းမီဒီယာများအား ရှင်းလင်း ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း လမ်း၊တံတားနှင့် အဆောက်အဦများကို
အရည်အသွေး၊ စံချိန်စံညွှန်း ပြည့် မီအောင်၊ ဆောင်ရွက်နေ ပါကြောင်း၊ ရက်(၁၀၀) စီမံချက်ဆိုသော်လည်း
ရက်(၁၀၀)နှင့်ပင် ရပ်တန့်၍မနေဘဲ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊
ပြည်သူများအတွက် လိုအပ်သော လမ်းပန်းဆက် သွယ်ရေးနှင့် နေထိုင်ရေး တဖက် တစ်လမ်းမှ အဆင်ပြေစေရန်
တန်ဖိုးနည်းအိမ်ရာ များကိုလည်း ဦးစားပေးဆောင်ရွက်နေ ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီး
မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၅)နှစ်တာ ကာလ အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊
နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များ၊ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ
လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု၊ တိုးတက်ဖွံ့ဖြိုးမှုအရှိန်ရှိနေသော
မြို့ကြီးပေါင်း (၈၀)ကျော်အား မြို့ပြစီမံကိန်းများဆိုင်ရာ စနစ်တကျ ရှိစေရေးအတွက်
Town Plan, Master Plan များ ဆောင်ရွက် ထားရှိမှု၊ ပြည်သူများနေထိုင်ရန် တန်ဖိုးနည်း
အိမ်ရာစီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အဆင့်မြှင့်တင်ခြင်း
လုပ်ငန်းများ အား တဆင့်ပြီးတဆင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး
မီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊
လမ်း၊တံတားနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီး ဌာနတို့မှ ဆောင်ရွက်ချက်များအား
မီဒီယာများ၏ မေးမြန်းချက်များကို ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်တို့မှ
ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment