ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
Stakeholders များအကြား ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ် လေ့လာ သုံးသပ်ဆွေးနွေးပွဲကို
နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့နံနက်
၉ နာရီတွင် ဆက်လက်ကျင်း
ပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်
အဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး
ကော်မရှင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ပြည်ထောင်စုတရား
လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှု
အဖွဲ့အစည်း(၆)ဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို
အခန်းကဏ္ဍအလိုက် ခွဲခြား၍ အစုအဖွဲ့ (၄) ဖွဲ့ စုဖွဲ့ပြီး ပြင်ဆင်ဖြည့်စွက် သင့်သည်များကို
ဆွေးနွေးခဲ့ကြပြီးနောက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏
အခန်းကဏ္ဍနှင့် ပါဝင်အားဖြည့်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်း
ဆောင်ရွက်မှု၊ အခြားနိုင်ငံများ၏ ရွေးကောက်ပွဲ ဥပဒေ ဆိုင်ရာ လုပ်ငန်းစဉ်များအား လေ့လာခြင်း၊
နောင်လာမည့်ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်အတွက် အကြံပြုဆွေးနွေးခြင်း၊
ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲနှင့်
သက်ဆိုင်သည့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် အစီအစဉ်၊ သတင်းအချက်
အလက်များ မျှဝေရန် အစီအစဉ် တို့နှင့်စပ်လျဉ်း၍ တက်ရောက် လာသူများမှ သုံးသပ်အကြံပြု
ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက
နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment