Tuesday, June 7, 2016

ရိတ်သိမ်းချိန်လွန် နည်းပညာ သုတေသနဌာန ပန္နက်တင်အခမ်းအနားကျင်းပ



 နေပြည်တော် ဇွန် ၇
လယ်ယာကဏ္ဍထုတ်လုပ်မှုများ လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးအတွက် ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန် လွန်ကာလတွင် အဓိကဖြစ်ပေါ်နေသည့် တောင်သူများ၏ စိုက်ခင်းများမှ ဈေးကွက်အထိ တင်ပို့ရာလမ်းတစ် လျှောက် ပျက်စီးဆုံးရှုံး
 

မှုများ လျှော့ချနိုင်ရေး အတွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံများအား အမျိုး အစားခွဲခြင်း၊ ကိုင်တွယ်ခြင်း၊ ထုပ်ပိုးခြင်း၊ ပြင်ဆင်ခြင်းနှင့် သယ်ယူ ပို့ဆောင်ရေးတို့တွင် နည်းပညာ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်လျှက်ရှိကြောင်း ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာနဝန်းအတွင်း ကျင်းပသည့် ရိတ်သိမ်းချိန်လွန် နည်းပညာသုတေသန ဌာန ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များအား ရိတ်သိမ်းချိန်လွန်တိုင်အောင် အရည်အသွေး ကောင်းမွန် စေရေးတို့အတွက် သုတေသနလုပ်ငန်းများ အလေးထား ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ သုတေသနရလဒ်များ အပေါ်အခြေခံပြီး ရိတ်သိမ်းချိန်လွန် နည်းပညာ ဆိုင်ရာမူဝါဒများ၊ ဗျူဟာများကို လက်တွေ့ကျကျ ဖော်ထုတ် ချမှတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ သုတေသနရလဒ်များအား အကျိုးရှိစွာအသုံးချ နိုင်ခြင်းဖြင့် အရည်အသွေး ကောင်းထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ပြီး ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချ နိုင်သည့်အတွက် တောင်သူများ အပါအဝင် ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်သူများအတွက် ဝင်ငွေသာမက အသိပညာ၊ အတတ် ပညာများ တိုးတက်စေမှာဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ KOICA ဒုတိယဥက္ကဌ Mr. Kim In က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သတ်မှတ်နေရာ များတွင်  ရိတ်သိမ်းချိန်လွန် နည်းပညာ သုတေသနဌာန အဆောက်အအုံပန္နက်တင်ပေးကြ သည်။
အခမ်းအနားအပြီးတွင် အမြဲတမ်းအတွင်းဝန်ဒေါက်တာတင်ထွဋ် နှင့် KOICA ဒုတိယဥက္ကဌ Mr. Kim In တို့သည် ကိုရီးယားနိုင်ငံ သတင်းဌာနများမှ မီဒီယာ တာဝန် ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကန်သာ ကျေးရွာတွင် မြန်မာဆယ်မာအူးလ်အွန်ဒုံ စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဖွံဖြိုးရေး လုပ်ငန်း များအား ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment