နေပြည်တော်
ဇွန် ၂၁
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့်
အကြိမ် (၃၀)မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို
ယနေ့နံနက် ၁၀ နာရီတွင် ကျိုင်းတုံမြို့ ကျိုင်းတုံ ဟိုတယ်သစ်၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့
ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊
တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်
အဖွဲ့ခေါင်းဆောင် Lt.Gen.Somsak
Nilbanjerdkul နှင့် အဖွဲ့များ တက်ရောက်ကြသည်။
မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီ
အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ကာကွယ်ရေး
ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး ကျော်ဇင်မျိုး၊ ထိုင်း ကိုယ်စားလှယ်အဖွဲ့
အတွင်းရေးမှူး Maj.Gen.Kucheep Lerd-ngim နှင့် မြန်မာ- ထိုင်း ဒေသဆိုင်ရာ နယ်ခြား
ကော်မတီ အဖွဲ့ဝင်များက (၂၉) ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ
အစည်းအဝေး မှတ်တမ်းအား ပြန်လည် သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊
နယ်စပ် ဒေသတွင်း ပူးပေါင်း နှိမ်နင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ် ဆေးဝါးနှင့်
စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ပူးပေါင်း နှိမ်နင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊
နယ်နိမိတ် ဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ (မြ၀တီ)

No comments:
Post a Comment