နေပြည်တော်
ဇွန် ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန် ၂၁ ရက် မွန်းလွဲ (၃)နာရီတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဝင်းမြတ်အေးအား The Barefoot College in India မှ ဥက္ကဋ္ဌ Mr.Bunker Roy ဦးဆောင်သည့်
အဖွဲ့ဝင်များ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာစဉ် ကျေးလက်ဒေသနေ အမျိုးသမီးများ၏
စွမ်းပကား မြင့်မားစေရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် ဧရာဝတီ တိုင်းဒေသကြီး၊
ဟင်္သာတမြို့နယ်ရှိ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်း ကျောင်းတွင် နေရောင်ခြည် စွမ်းအင်သုံး
အင်ဂျင်နီယာ (Solar Engineer) သင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Asian Level Solar Training Centre ဖွင့်လှစ်ကာ အရှေ့တောင် အာရှနိုင်ငံများမှ အသက်
၃၅ နှစ် မှ ၅၀နှစ် အတွင်းရှိ အမျိုးသမီးများ သင်တန်း တက်ရောက်နိုင်ရေး ကိစ္စရပ်များကို
ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

No comments:
Post a Comment