နေပြည်တော်
ဇွန် ၁၃
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့်
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများသည် ၄င်းတို့၏ ပြစ်ဒဏ်များ ကျခံခဲ့ပြီး
မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်
အဆင့်ဆင့်ကို ဆောင်ရွက်ကာ သံရုံးမှ ထုတ်ပေးသည့် C of I ရရှိပြီးသော်လည်း အခက်အခဲအမျိုးမျိုးကြောင့်
မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်လက်မှတ်စရိတ် မတတ်နိုင်သည့် မြန်မာနိုင်ငံသားများကို
အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ
လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ်များကို ကူညီကျခံ၍ ပြန်လည်ပို့ဆောင် ပေးလျက်ရှိကြောင်း အဆိုပါသံရုံးထုတ်ပြန်ချက်အရ
သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိ လေယာဉ်လက်မှတ်ခအတွက်
အခက်အခဲရှိ သူ ၁၈၂ ဦးအား လေယာဉ်လက်မှတ် အကုန်အကျခံ၍ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး
၂ဝ၁၅ ခုနှစ် အတွင်းက ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရ သည့် မြန်မာနိုင်ငံသားများအနက်
မြန်မာနိုင်ငံသို့ပြန်ရန် အခက် အခဲကြုံတွေ့နေရသူ ၂၂၇ ဦး စုစုပေါင်း ၄ဝ၉ ဦးကို လေယာဉ်
လက်မှတ်ခ ကူညီကျခံကာ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာသံရုံး ကွာလာလမ်ပူမြို့အနေဖြင့်
ထိန်းသိမ်းရေးစခန်းများသို့ သံရုံးမှ တာဝန်ရှိသူများ ကိုယ်တိုင် လိုက်ပါကြီးကြပ်၍ ထိန်းသိမ်းရေး
စခန်းများရှိ နိုင်ငံသားများ၏ စခန်းသို့ရောက်ရှိသည့် ကြာမြင့်ကာလ ရက်၊ လအလိုက် ခွဲခြား၍
စာရင်းပြုစုပြီး အမြန်ဆုံး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment