Tuesday, June 7, 2016

ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း ကမ္ဘာ့ကျန်းမာရေး မူဝါဒစင်တာအဖွဲ့ (CSIS)မှ Dr.SteveMarrison ခေါင်းဆောင်သော အဖွဲ့အား တွေ့ဆုံ


နေပြည်တော် ဇွန် ၇
ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် ကမ္ဘာ့ကျန်းမာရေး မူဝါဒ စင်တာအဖွဲ့(CSIS)မှ Dr.SteveMarrison (ဒါရိုက်တာနှင့်ဒုတိယဥက္ကဋ္ဌ) ခေါင်းဆောင်သော အဖွဲ့အားယနေ့မွန်းလွဲ ၁ နာရီ တွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရ ဆောင် အဆောင်အမှတ် (I-13) ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အဖြစ်များလျက်ရှိသော ကူးစက်ရောဂါများကာကွယ် တိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment