Wednesday, June 15, 2016

လူနည်းစု အခွင့်အရေးများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဇွန် ၁၅
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း၍ လူနည်းစု အခွင့်အရေးများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို   ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌
ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ Mr. Andrew MacGregor တို့က အဖွင့် အမှာ စကားများ ပြောကြား ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင် ပညာရှင်များ၊ ဂျီနီဗာနှင့် ဗန်ကောက်မြို့တို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စား လှယ်များ  တက်ရောက်ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်(၁၅)ရက်တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment