နေပြည်တော်
ဇွန် ၁၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အန်ဒရူးပက်ထရစ်
ဦးဆောင်သည့် ဗြိတိန် ကုန်သည်ကြီးများ အသင်းဝင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို
ဇွန် ၁၅ ရက် နေ့လည် ၁ နာရီတွင် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်း၊
ဘဏ်လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု
တိုးမြှင့်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment