Tuesday, June 14, 2016

နိုင်ငံတော်သမ္မတဦးထင်ကျော် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာတကဲဟိကိုနာကာအိုဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၄
မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်နေသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တို့နှင့် စပ်လျဉ်း၍နိုင်ငံတော်သမ္မတဦးထင်ကျော်သည်အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့်ဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတသည်အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာတကဲဟိကိုနာကာအိုဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေနံနက်(၁၁)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဖေဇင်ထွန်း၊ ဦးကျော်ဝင်းနှင့် ဦးဝင်းခိုင်တို့ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment