နေပြည်တော် ဇွန် ၁၇
နိုင်ငံရေးအမြင်၊ ကာကွယ်ရေးအမြင်၊ စီးပွားရေးအမြင်နှင့်
အုပ်ချုပ်ရေးအမြင် တို့သည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်ကြောင်း၊ ယင်းအမြင် လေးမြင်သည်
တိုင်းပြည် အတွက် အမြဲအသုံးချ နိုင်သည့် အသိ ပညာများ လည်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ သင်တန်းခန်းမ၌
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားများ၊ တပ်မတော်လေ့ကျင့်ရေး
သင်တန်းကျောင်းများမှ တပ်မှူးကြီးများ အား တွေ့ဆုံအမှာ စကား ပြောကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေး၊
ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ အတွေးအ ခေါ်မြင့်မားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊
ကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တ၀င့် ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊
ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့်
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြသည်။

No comments:
Post a Comment