Saturday, June 18, 2016

ပြင်သစ်နိုင်ငံ ခြားရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ရန်ကုန်မြို့ဘက်စုံဖွံ့ဖြိုးရေး ဆွေးနွေး


ရန်ကုန် - ဇွန် ၁၈
ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စများနှင့် စပ်လျဉ်း၍ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဂျီးမာ့ခ် အီရောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သံတမန်ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ရန်ကုန်မြို့ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ မြို့နယ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ရန်ကုန်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေးနှင့်  ရန်ကုန် မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းပါး ထိန်းသိမ်းခြင်း ကိစ္စရပ်များ တွင် ပြင်သစ်နိုင်ငံမှ အကူအညီပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်မြို့ တော်ဝန်၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင်နှင့် အတူ ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဧည့်သည်တော်ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့သည် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှု ဌာနသို့ သွားရောက်၍ စာကြည့်တိုက်နှင့်စာသင်ခန်း များကို လှည့်လည်ကြည့်ရှုကြသည်။

No comments:

Post a Comment