နေပြည်တော်
ဇွန် ၁၈
ပြည်သူ့လူထုမှ တာဝန်ပေးထားသည့် ကိုယ်စားလှယ်များဖြစ်သည့်
အတွက် လွှတ်တော်အစည်းအဝေးများ ရပ်နားချိန်တွင်
မဲဆန္ဒရှင်ပြည်သူများထံ သွားရောက်၍ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းရမည်ဖြစ် ကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ကရင်ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များနှင့် ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်လွှတ်တော် အစည်း အဝေးခန်းမ၌ တွေ့ဆုံစဉ်
ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူလူထု၏ လိုအပ်ချက်များကို
သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ ဒီမိုကရေစီနိုင်ငံများ၌ လွှတ်တော်အခြေခိုင်မှ အုပ်ချုပ်ရေးခိုင်မာမည်
ဖြစ်ပါကြောင်း၊ မိမိတို့သည် လွှတ်တော်နှင့် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ မြင့်မားရန်နှင့်
ဂုဏ်ရောင် ထွန်းပြောင်ရန် ကြိုးစားရာတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ဆောင်ရွက်လိုအပ် ပါကြောင်း၊ ထို့ပြင် မေးခွန်းများမေးမြန်းရာတွင် ကျိုးကြောင်းခိုင်လုံမှု
ရှိ၊ မရှိ၊ မေးခွန်း၏အင်္ဂါရပ်နှင့် ညီညွတ်မှု ရှိ၊ မရှိ စဉ်းစားသုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အဆိုတင်သွင်းရာတွင်လည်း အချိန်အခါနှင့်
ကိုက်ညီမှု ရှိ၊ မရှိနှင့် အဆို၏ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ တင်သွင်းသင့်ပါကြောင်း၊
ဥပဒေကြမ်း များ တင်သွင်းရာတွင် အနာဂတ်ကိုရှေးရှု၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုး
ရှိနိုင်မည့် ဥပဒေကြမ်းများ ဖြစ်ရန်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဇယားနှင့်အညီ
တင်သွင်းဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ် များအနေဖြင့် ပြည်သူ့ အကျိုးနှင့်
နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်သည့် အခါတွင် မိမိတို့တွေ့ကြုံရသည့် အခက်အခဲများထက်
ပြည်သူများ၏ ဒုက္ခ ဝေဒနာကိုရှေးရှု၍ ကုစားပေးရန်လိုပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ တော်၏
အခြေခံ အုတ်မြစ်ခိုင်မာရေးအတွက် ဆောင်ရွက်သည့် ယခုလိုအခွင့်သာသည့် အချိန်တွင် တိုင်းပြည်နှင့်
ပြည်သူ လူထုအကျိုးစီးပွားကို ကျေပွန်စွာ ဆောင်ရွက် ကြရန်လည်း လိုအပ်ပါကြောင်း။
ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန်
တရားဥပဒေစိုးမိုးမှု ရှိရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ လူအခွင့်အရေးကို
အပြည့်အ၀ခံစားရ မည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တောင်ပေါ် မြေပြန့်မခွဲခြားဘဲ
ဒီမိုကရေစီ၏ အသီးအပွင့်များနှင့်ပန်းရနံများ သင်းပျံစေရန် အတွက် အားလုံးက တက်ညီလက်ညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ကြစေလိုပါကြောင်း
ရှင်းလင်းပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက
ပြည်သူ့ဗဟိုပြု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

No comments:
Post a Comment