နေပြည်တော်
ဇွန် ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်သည် ဇွန်(၁၁)ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)၊
စီလမ်းဆုံရှိ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
ညွှန်ကြားရေးမှူးရုံးတွင် ညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏
ရက်(၁၀၀)
စီမံချက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)တွင် အပိုင်းနှစ်ပိုင်းခွဲ၍
မိုင်တိုင်အမှတ် (၁၅/၀ မှ ၂၅/၀)နှင့် မိုင်တိုင်အမှတ် (၁၆၃/၁ မှ ၁၇၃/၁)အတွင်း
Pilot Project နှင့် Black Spot နေရာများတွင် လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍
Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊
ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ လမ်းအရည်အသွေး စံချိန်စံညွှန်း
ပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ရန်ကုန်-မန္တလးအမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)
မိုင်တိုင်အမှတ် (၁၆၃/၁ မှ ၁၇၃/၁)နှင့် မိုင်တိုင် အမှတ် (၁၅/၀) မှ ၂၅/၀)အတွင်း စက်ယန္တရားများဖြင့်
လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လမ်းတလျှောက် ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဇွန်(၁၂)ရက် နေ့လည်ပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိပြီး
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက
မင်္ဂလာ ဒုံမြို့နယ်တွင် ပျဉ်းမပင်အိမ်ရာ စီမံကိန်းဆောင်ရွက်မည့် လျာထားနေရာအား မြေပုံကားချပ်ဖြင့်
ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လမ်းဦးစီးဌာန၊ သုတေသနနှင့်
ဖွံ့ဖြိုးရေးဌာနခွဲ၊ ပျဉ်းမပင်သို့ ရောက်ရှိပြီး ရေရောကတ္တရာထုတ်လုပ်သည့် စက်ရုံအတွင်း
လှည့်လည်ကြည့်ရှု စစ်ဆေးကာ ရှင်းလင်းဆောင်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယ
ညွှန်ကြား ရေးမှူးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက
ရေရောကတ္တရာစက်ရုံအား ပြန်လည်အဆင့်မြှင့်တင်ရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်တို့ကို
မှာကြားသည်။
ဆက်လက်၍ မက်စ်မြန်မာကုမ္ပဏီမှ B.O.T စနစ်ဖြင့်
ဆောင်ရွက်သော ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (ထောက်ကြံ့-ပဲခူးအပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို
လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ညနေပိုင်းတွင် လမ်းဦးစီးဌာန၊
ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် အထူးအဖွဲ့များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့်
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်အတွင်း ပြည်သူများလိုအပ်ချက်ကို အတတ်နိုင်ဆုံး
ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ မှာကြားသည်။ ယင်းနောက် ရွှေသံလွင်ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်သော
ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီး (ပဲခူး-ညောင်လေးပင်အပိုင်း) နှင့် ဟိုက်စတားကုမ္ပဏီမှ
B.O.T စနစ်ဖြင့် ဆောင်ရွက်သော (ညောင်လေးပင်-ဇေယျဝတီအပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို
လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။ (သတင်းစဉ်)

No comments:
Post a Comment