Monday, June 13, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တူရကီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၃
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တူရကီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Mevlut Cavusoglu ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ ရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တူရကီ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။ (သတင်းစဉ်)

No comments:

Post a Comment