Wednesday, June 8, 2016

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး(၄၁)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇွန် 
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့ ဗိုလ်တ ထောင်ဘုရား လမ်းနှင့် ဗိုလ်အောင်ကျော် တံတားအကြား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာဧက ၂၀ ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင် သင်္ဘော ကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး တည်ဆောက် ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းအား  ရပ်ဆိုင်းပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က ထောက်ခံဆွေးနွေးကြပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယင်း စီမံကိန်းတွင် ကောင်းကျိုးထက် ဆိုးကျိုးပိုများသည်ကို တွေ့ရှိရကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ဖြစ်သော်လည်း ယခုစီမံကိန်းသည် အန္တရာယ်ကြီး မားသည့်အတွက်ကြောင့် စွန့်စား၍ မလုပ်သင့်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့သည်။
ယနေ့အစည်းအဝေးတွင် ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ ဖာပွန်မြို့ နယ် ကမမောင်းမြို့နှင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူမြို့အကြား သံလွင်မြစ်ကိုဖြတ်၍ မြစ်ကူးကြိုးတံတားဆောက်လုပ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကမမောင်းမြို့နှင့် မြိုင်ကြီးငူတို့အား ဆက်သွယ်မည့် သံလွင်မြစ်ကူးတံတား တည်ဆောက်မည်ဆိုပါက ခန့်မှန်းအရှည်ပေ ၃၀၀၀ ကျော်ခန့် ရှိမည်ဖြစ်ကြောင်း၊ ၂၀၁၆ -၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ (၅)နှစ်စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိပါသဖြင့် တည်ဆောက်ရန် အစီ အစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့်၏ ဖြူးမြို့ နယ် အုတ်ဖြတ်ရွာရှိ အုတ်ဖြတ်မြစ်ကူးတံတား စီမံကိန်းဆက်လက်အကောင် အထည် ဖော်ရန် ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ယခုလက်ရှိအခြေအနေ တွင် ဖြူးမြို့မှ အုတ်တွင်းမြို့နှင့်တောင်ငူမြို့တို့ကိုဖြတ်၍ မုန်းမြို့သို့ ရာသီမရွေးသွား လာနိုင်ကြောင်းနှင့် စစ်တောင်းမြစ်ကူး(အုတ်ဖြတ်) တံတားတည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိပါ က ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေစကြိုမဲဆန္ဒနယ်မှ ဒေါက်တာတင်ဌေးအောင်၏ မြစ်ကြောင်းပြောင်းတိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြို ကျ၍ ဆုံးရှုံးပျက်စီးမှုများနှင့် ရေကြောင်းပိတ် ဆို့မှုများအား ကြိုတင်ကာကွယ်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်အတွင်း ကြပ်တည်းသည့် ရေလမ်းကြောင်းများကို ပြုပြင်ထိန်းသိမ်း မည်ဆိုပါက ကျပ်သန်းပေါင်း သုံးသောင်းကိုးထောင် လိုအပ်မည်ဖြစ်ကြောင်း၊ ရေလမ်း ညွှန် အမှတ်အသားများအတွက် ကျပ်သန်းပေါင်း သောင်းတစ်ထောင် ကျော်ကုန်ကျ မည်ဖြစ် ကြောင်း၊ ကမ္ဘာဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၈ သန်းဖြင့် မန္တလေးနှင့် ညောင်ဦးကြားကို စတင်ပြုပြင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စု ဘတ်ဂျက် တွင် ပိုမိုရရှိရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် RE မှစ၍ နောက် ၄ နှစ်ခွဲအတွင်း ဧရာဝတီနှင့် ချင်းတွင်းတွင် ရေကြောင်းသွားလာမှု ပိုမိုကောင်း မွန်အောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘတ်ဂျက်ရရှိရေးအတွက်လည်း တင်ပြသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က ရေနံချောင်းမဲဆန္ဒနယ်မှ ဦးသာချို(ခ) ဦးတင်ကြိုင်၏ ရေနံချောင်းမြို့ရှိ ညောင်လှဆိပ်ကမ်းသည် ခေတ် အဆက်ဆက်ခိုင်မာစွာ တည်ရှိခဲ့ပြီး ထိန်းသိမ်းရေးဌာနမှ နှစ်ပေါင်းများစွာ မြစ်ကြောင်း ထိန်းသိမ်းမှုမရှိခဲ့၍ ဆိပ်ကမ်းတိမ်ကော ပပျောက်သွားခြင်းအား ပြန်လည်ဖော်ထုတ် နိုင်ရန် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ညောင်လှဆိပ်ကမ်း ရေလမ်းကြောင်း ဖွံ့ဖြိုးရေး ပြန်လည်ဖော်ထုတ်မည် ဆိုပါက အချိန်ယူဆောင်ရွက်ရ မည့်အပြင် ကျပ်သန်းပေါင်း ငါးသောင်းကျော် ကုန်ကျနိုင် ကြောင်း၊ ဧရာဝတီမြစ်တွင် ရေလမ်းကြောင်း ကြပ်တည်းသည့် ၃၄ နေရာနှင့် ချင်းတွင်း မြစ်တွင် ရေလမ်းကြောင်း ကြပ်တည်းသည့် နေရာ ၂၀ ပြုပြင်ရမည်ဖြစ်သည့်အတွက် ညောင်လှဆိပ်ကမ်းကို ဆောင်ရွက်ပေးရန် အခက်အခဲရှိပါကြောင်း ဖြေကြားသည်။


No comments:

Post a Comment