နေပြည်တော် ဇွန် ၈
နေပြည်တော်၌ ချစ်ကြည်ရေး ခရီး အလည်အပတ်
ရောက်ရှိနေသော စင်ကာပူ သမ္မတ နိုင်ငံ ၀န်ကြီးချုပ်၏ ဇနီး မစ္စစ်ဟိုချင်းသည် အဖွဲ့ဝင်များနှင့်
အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြတိုက် (နေပြည်တော်) သို့ သွားရောက်
ကြည့်ရှု လေ့လာသည်။
ဧည့်သည်တော် စင်ကာပူဝန်ကြီးချုပ်၏ဇနီးဦးဆောင်သည့်
အဖွဲ့ဝင်များအား သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်း
နှင့် ညွန်ကြားရေးမှူး ဦးရဲမြတ်အောင်တို့က အမျိုးသားပြတိုက်အတွင်းရှိ ပြခန်းများအား
လိုက်လံရှင်းလင်းပြသသည်။
ထိုမှတဆင့် ဧည့်သည်တော် ၀န်ကြီးချုပ်၏
ဇနီးနှင့် အဖွဲ့ဝင်များသည် နေပြည် တော်ရှိ Junction အဆင့်မြင့် ဈေးဝယ်စင်တာသို့ သွားရောက်
ကြည့်ရှုလေ့လာ ခဲ့ကြသည်။

No comments:
Post a Comment