Wednesday, June 8, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဇွန် - ၈
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စင်ကာပူ သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးတို့သည်  ယနေ့နံနက် ၁၁ နာရီခွဲတွင်  နေပြည်တော်ရှိ  Park Royal  ဟိုတယ် ပတ္တမြား ခန်းမ၌  တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် အာဆီယံ တည်ငြိမ်အေးချမ်းရေးနှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
အခြေအနေများ၊ အာဆီယံအသိုက် အ၀န်းအတွင်း၌ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက် ရေး တိုးမြှင့်နိုင်မည့်အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး လုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့ကြသည်။


No comments:

Post a Comment