Thursday, June 16, 2016

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် လာရောက်တွေ့ဆုံ


နေပြည်တော် ဇွန် ၁၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် (၀န်ကြီးချုပ်ရုံးဝန်ကြီး) မစ္စတာ အာဂျစ် ဒိုဘယ်လ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက် ရေး၊ နယ်စပ်ရေးရာကိစ္စရပ်များတွင် အတူတကွ ပူးတွဲဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးကြသည်။

ယင်းသို့ တွေ့ဆုံရာ၌ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment