နေပြည်တော် ဇွန် ၁၆
ပြည်ထောင်စုရှေ့နေချုပ်
ဦးထွန်းထွန်းဦးသည် မွန်ဂိုလီးယားနိုင်ငံ၊ ဒုတိယရှေ့နေချုပ် Mr. Erdenebat Ganbat ဦးဆောင်
သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံသည်။
ဆွေးနွေးစဉ် ဥပဒေပြုရေး၊
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍအသီးသီး၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့်
လုပ်ငန်းတာဝန်များ၊ မွန်ဂိုလီးယားနိုင်ငံ ရှေ့နေချုပ်ရုံး၏ ပြစ်မှုဆိုင်ရာနှင့် တရားဥပဒေ
ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်း တာဝန်များနှင့် အတွေ့အကြုံများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား
ဥပဒေ ရေးရာသင်တန်းများနှင့် လုပ်ငန်းခွင် လေ့လာရေးခရီးများ ပူးပေါင်းဆောင်ရွက်ကြရန်၊
သင့်လျော်သည့်အချိန်တွင် နှစ်နိုင်ငံ ရှေ့နေချုပ်များ အပြန်အလှန် သွားရောက်လည်ပတ်နိုင်ရေးတို့ကို
ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရှိသည်။

No comments:
Post a Comment