Tuesday, May 31, 2016

SSA (ရွက်ဆစ်) အဖွဲ့မှ အဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းကြောင့် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဒေသခံတချို့ ပြောင်းရွေ့


နေပြည်တော်၊ မေ- ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ကိုးမိုင်ကျေးရွာသို့ မေ ၂၉ ရက်တွင် တာကော်ကျေးရွာအုပ်စု၊ နမ့်ငင်းကျေးရွာနှင့် ဝမ်မိုင်ကုန်းဆာကျေးရွာတို့မှ အိမ်ထောင်စုများ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် SSA (ရွက်ဆစ်)အဖွဲ့၏ အဓမ္မလူသစ် စုဆောင်းမှုကြောင့် ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါပြောင်းရွှေ့လာသူများကို တာဝန်ရှိသူများကမေးမြန်းရာ SSA (ရွက်ဆစ်) အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ယင်းကျေးရွာများမှ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်ကြား အမျိုးသားများကို တစ်အိမ်ထောင်လျှင်တစ်ဦးနှုန်း လူသစ်စုဆောင်း ပေးရန်နှင့် မစုဆောင်းနိုင်ပါက တစ်အိမ်ထောင်လျှင်ငွေကျပ် ၄ သောင်းနှုန်းပေးအပ်ရန် တောင်းခံခဲ့ကြောင်း၊ ထို့ကြောင့် ကျေးရွာသူကြီးမှတစ်ဆင့် မေ ၄ ရက်တွင် တစ်အိမ်ထောင်လျှင် ၂ သောင်းခွဲ ကျပ်နှုန်းဖြင့်ပေးဆောင်ခဲ့ရပြီး ကျန်ရှိငွေအား ထပ်မံပေးအပ်နိုင်ခြင်းမရှိ၍ ဆွေမျိုးများနေထိုင်ရာကျေးရွာများသို့  ပြောင်းရွှေ့နေထိုင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ငင်းကျေးရွာသို့ အိမ်ထောင်စု ၅ စု၊ လူဦးရေ ၂၁ ဦးနှင့် ဝမ်မိုင်ကုန်းဆာ ကျေးရွာသို့ အိမ်ထောင်စု ၂ စု၊ လူဦးရေ ၁၁ ဦး၊စုစုပေါင်း ၃၂ ဦး ပြောင်းရွှေ့လာခြင်းဖြစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ပြောင်းရွှေ့လာသူများအတွက် ဆန် ၃ အိတ်၊ ဆီ ၆ ပိဿာနှင့် စားသောက်ဖွယ်ရာများ၊ မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆန် ၇ အိတ်နှင့်ကလေးများအတွက် ကျောင်းဝတ်စုံ ၂၁ စုံတို့အား ပေးအပ်ခဲ့ပြီး တပ်မတော် ဆေးကုသရေးအဖွဲ့က လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

SSA (ရွက်ဆစ်)အဖွဲ့သည် မေလအတွင်းကလည်း မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်း ကျေးရွာအုပ်စုအတွင်း ကျေးရွာများရှိ တည်ခိုခန်းများ၊ စားသောက်ဆိုင်များနှင့်နေအိမ် ဈေးဆိုင်များမှ ဆက်ကြေးငွေများကောက်ခံခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ကျိုင်းတုံမြို့ရှိ SSA (ရွက်ဆစ်)အဖွဲ့ဆက်ဆံရေးရုံး တာဝန်ခံအားခေါ်ယူ၍ ပြည်သူလူထုအား ဆက်ကြေးငွေကောက်ခံခြင်းနှင့်လူသစ်စု ဆောင်းခြင်းများ မပြုလုပ်ရန်၊ ယခုကဲ့သို့ပြုလုပ်နေခြင်းသည် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ငြိမ်းချမ်းရေးစာချုပ်ပါသဘောတူညီချက်များအား ဖောက်ဖျက် ရာရောက် ကြောင်း သတိပေးပြောကြားခဲ့ကြောင်း သိရှိရရှိသည်။ (မြဝတီ)

No comments:

Post a Comment