Tuesday, May 31, 2016

အာဆီယံ ငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် မေ ၃၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား Bank for Investment and Development of Vietnam., JSC (BIDV)မှ ဥက္ကဋ္ဌ Mr. Tran Bac Ha ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော် ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် BIDV ဘဏ်ခွဲ ဖွင့်လှစ်မည့်အခြေအနေ၊ အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ဗီယက်နမ်-ကမ္ဘောဒီးယား-လာအို (CLMV) နိုင်ငံများအကြား စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဆက်အောင်၊ ဒေါ်ခင်စောဦးနှင့် ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment