Tuesday, May 31, 2016

ဝန်ထမ်းများ စိတ်ဓါတ်ခွန်အား တိုးပွားစေရေး ဟောပြောပွဲကျင်းပ


နေပြည်တော် မေ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းလက်အောက်ရှိ ဝန်ထမ်းများ စဉ်ဆက်မပြတ် ပညာဆည်းပူး လေ့လာစေရေးနှင့် စိတ်ဓာတ်ခွန်အားများ ရရှိစေရေးအတွက် ရည်ရွယ်၍ မေ ၃၀ ရက်က နေပြည်တော် ဇေယျာသီရိမြို့ နယ် ကြေးမုံသတင်းစာတိုက်ရှိ ဘိုးဝဇီရခန်းမ၌ ဟောပြောပွဲကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မန္တလေးမြို့ရှိ စည်သူရောင်းဝယ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မြင့်ထွန်းနှင့် Lucky Home Group of Company မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်သီတာစန်းတို့က မိမိတို့ ဖြတ်သန်းလာခဲ့ရသည့် စီးပွားရေး လုပ်ငန်း၌ စိန်ခေါ်မှုအမျိုးမျိုး၊ တွေ့ကြုံခဲ့ရသည့် အခက်အခဲ အကျပ်အတည်းများ၊ စိတ်ဓာတ်ခွန်အားခိုင်ကြည်ရန် ကျင့်ကြံအားထုတ်မှုများအပြင် စီးပွားရေးအတွေးအမြင်များ၊ ဝန်ထမ်းများအတွက် စိတ်စွမ်းရည်တက်ကြွမှု သာဓကများဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။
ဟောပြောဆွေးနွေးမှုနှင့်စပ်လျဉ်း၍ ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းကြရာ ဟောပြောဆွေးနွေးကြသည့် ဆရာ ဆရာတို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အခမ်းအနားသို့ မြန်မာ့အလင်း၊ ကြေးမုံနှင့် နေပြည်တော် သတင်းစာတိုက် များမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း-သိမ့်သိမ့်မိုး၊ ဓာတ်ပုံ-နိုင်လင်းကြည်

No comments:

Post a Comment