Friday, May 27, 2016

ရခိုင်နှင့် ကချင်ပြည်နယ်ရှိ IDP များအား လူသားချင်စာနာထောက်ထားရေးဆိုင်ရာ ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စဆွေးနွေး


နေပြည်တော် မေ  ၂၇ 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ IDP များအား လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ထောက်ပံ့ ကူညီပေးနေမှုအခြေအနေများနှင့် နေရပ် ပြန်လည်နေရာချ ထားရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော် အစိုးရ ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ ကုလသမဂ္ဂမှ ပံ့ပိုးကူညီ ပူးပေါင်းဆောင် ရွက် နေမှု အခြေအနေများ၊ အဆိုပါ လုပ်ငန်းစဉ်များ၏ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment