Friday, May 27, 2016

ပျဉ်းမနား မြို့ရှောင်လမ်းအပိုင်းကို နှစ်လမ်းသွားမှ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့


နေပြည်တော် မေ ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ စေရေး၊ သွားလာမှု အဆင်ပြေစေရေး အတွက် လမ်းမကြီးများကို အဆင့်မြှင့်တင် ဖောက်လုပ် လျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာန၏ လမ်းမကြီးများကို
အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိသကဲ့သို့ BOT စနစ်ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ကုမ္ပဏီများ၏ လမ်းမကြီးများကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း။
BOT စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရေတာရှည်-ပျဉ်းမနား-ရမည်းသင်း လမ်းအပိုင်း၏ ပျဉ်းမနား မြို့ရှောင်လမ်းအပိုင်းကို နှစ်လမ်းသွားအဖြစ်မှ လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်နေသည်ကို တွေ့ရှိရသည့်အတွက် ပြည်သူများ သွားလာစေရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ်က ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ပျဉ်းမနားမြို့ မြို့ရှောင်လမ်းတစ်လျှောက် နိုင်လွန်ကတ္တရာ လေးလမ်းသွား လမ်းစပ်သပ်ခင်းကျင်းမှု စီမံကိန်း ပြီးမြောက်သည့် အခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြို့ရှောင်လမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Shell နှင့် National Infrastructure Holdings Co.,Ltd တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment