Friday, May 27, 2016

နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် မေ ၂၇
သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကိုသည်  အီတလီ သံအမတ် ကြီး မစ္စတာ ပီရာဂျော်ဂျီယို ဖိဒယ်ရီကို အယ်လီဘာတီအား ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၅) ယဉ်ကျေးမှု ဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အီတလီနိုင်ငံနှင့် ယူနက်စကိုတို့ ပူးပေါင်း၍ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလုပ်ငန်းများကို ဆက်လက်အကူအညီ ပေးရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment