Friday, May 27, 2016

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ  ၂၇
ချေးငွေထုတ်ချေးပေးရာတွင် နိုင်ငံတော်၏အဓိက စားသုံးသီးနှံဖြစ်သည့် စပါးသီးနှံအတွက် ဦးစားပေး ထုတ်ချေး ပေးခြင်း သာ ဖြစ်ပြီး ကျန်သီးနှံများအတွက် ချေးငွေထုတ် ချေးပေးရန် လုံလောက်မှုမရှိသဖြင့် လောလောဆယ် တိုးမြှင့်ထုတ်ချေး ပေး ရန်မရှိ ပါကြောင်း ဒေါက်တာထွန်းဝင်းက ဖြေကြားသည်။

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ ၀ါစိုက်တောင်သူများအား တစ်ဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် သတ်မှတ်ထုတ်ချေးပေးခဲ့ရာ ယာစိုက်တောင်သူများမှာ အမှန် တကယ်ကုန်ကျမည့်စရိတ်နှင့် အဆပေါင်းများစွာ ကွာခြားနေသောကြောင့် ထပ်မံတိုးမြှင့် ထုတ်ချေးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ဒုတိယ ၀န်ကြီးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် တောင်သူလယ်သမားများအား ထုတ်ချေး ပေးရန် စပါးသီးနှံတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းအတွက် ကျပ်သန်းပေါင်း(၁ ဒသမ ၆၄)သန်း၊ အခြားသီးနှံအတွက် ကျပ်သန်းပေါင်း (၁၁၀၀၀၀)၊ ချက်ကြံအတွက် ကျပ်သန်း ပေါင်း(၁၅၀၀၀) စုစုပေါင်း ကျပ်သန်းပေါင်း (၁ ဒသမ ၈)သန်းခန့် လိုအပ်မည်ဖြစ်ပါ ကြောင်း ဒုတိယ၀န်ကြီး က ပြောကြားခဲ့သည်။
ယခုနှစ်အတွက် တောင်သူလယ်သမားများသို့ ထုတ်ချေးပေးရန် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဗဟိုဘဏ်တို့မှ ကျပ်သန်းပေါင်း (၁ ဒသမ ၇)သန်း ချေးယူခွင့်ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
အစည်းအဝေးတွင် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ ရသေ့တောင်မြို့ နယ်တွင် ဆိပ်ကြီးဆည်နှင့် ရေပိုလွှဲတည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍လည်း ဒုတိယ၀န်ကြီးက ဆိပ်ကြီးချောင်းပေါ်တွင် ရေလှာင်တမံ တည်ဆောက်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ စူးစမ်းလေ့လာခဲ့ရာ မြေမျက်နှာသွင်ပြင် နိမ့်မြင့်အနေအထားရ တမံရေ၀ပ်ဧရိယာ နည်းပါးလွန်းခြင်းနှင့် တမံတည်ဆောက်မည့် နေရာ၏ အထက်ဘက်ရှိ ကျေးရွာအချို့နှင့် စိုက်ပျိုးမြေဧရိယာများ ရေနစ်မြုပ်နိုင်ခြင်း၊ တမံတည်ဆောက်မည့် နေရာအထိ ဒီရေအတက်အကျရှိခြင်းတို့ကြောင့် ရေလှောင်တမံ တည်ဆောက်ရန် မသင့်လျော်သည်ကို တွေ့ရှိရကြောင်း။
ဆိပ်ကြီးချောင်းအတွင်းသို့ ပင်လယ်ဒီရေဖြစ်သည့် ဆားငန်ရေ၀င်ရောက်မှု ကြောင့် ချောင်းဘေးဝဲယာရှိ ရွာ ၁၄ ရွာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် ဆိပ်ကြီးချောင်းဝအနီးတွင် ရေထိန်းတံခါးနှင့် ရေငန်တားတာ တည်ဆောက်ခြင်းလုပ် ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သည့် စူးစမ်းလေ့လာ တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်မြောက်နိုင်စွမ်း ရှိပါက ခန့်မှန်းကုန်ကျငွေ တွက်ချက်တင်ပြတောင်းခံ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
ဘူးသီးတောင်၊ မောင်းတောနှင့် ရသေ့တောင်မြို့နယ်များ ဒေသခံပြည်သူများ ကူးလူးဆက်သွယ်သွားလာရေး အတွက် ဆိပ်ကြီးချောင်းကူးတံတား တည်ဆောက်ပေး ရမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းဆောင်ရွက် နိုင်ရန် အတွက် ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဖြေကြားသည်။

No comments:

Post a Comment