Friday, May 27, 2016

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ


နေပြည်တော်  မေ(၂၇)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုအား ယနေ့မွန်းတည့် (၁၂)နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး မစ္စတာပီရာဂျော်ဂျီယိုဖိဒယ်ရီကို အယ်လီဘာတီ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့မှလည်းကောင်း၊ မွန်းလွဲ
(၃)နာရီတွင် KOT RA Commercial Section မှ Commercial Attache , Mr. AhnJaeyong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လည်းကောင်းပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ဆောင်၌ သီးခြားစီလာရောက် တွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ့စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မည့် အစီအစဉ် များကိုဆွေးနွေးခဲ့ကြသည်။
KOTRA Commercial Sectionမှ Commercial Attacheဖြစ်သူ Mr. AhnJaeyong နှင့် တွေ့ဆုံရာတွင်SMEs လုပ်ငန်း များအတွက် လိုအပ်လျက် ရှိသော နည်းပညာအကူအညီများရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ ဖွံ့ဖြိုး တိုးတက် ရေးအတွက် Industrial Training Center အသစ်များတိုးချဲ့ ဖွင့်လှစ်နိုင်ရေးနှင့် ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် Export Product ပြပွဲများတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ပေးနိုင်ရေးတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment