Thursday, May 26, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကျင်းပ


ဖလမ်းမြို့ပေါ် ရေရရှိရေးအတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် သမ္မတ၏ သီးသန့်ရန်ပုံငွေ ချထားပေးခြင်း မရှိပါကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေမှ ငွေကျပ်သန်း ၁၅၀ ဖြင့် တစ်ရက်လျှင် ရေဂါလံ နှစ်သောင်း ထွက်ရှိမည့် ရောလ်ဆဲတ် စမ်းချောင်း ၁၀ မိုင်မှ ၄ လက်မ ပီဗွီစီပိုက်ဖြင့် ရေသွယ်လုပ်ငန်း ဆောင်ရွက် နေပါကြောင်း၊ ပြီးစီးပါက ဖလမ်းမြို့ပေါ်ရှိ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်မှ လူဦးရေ ၁၁၈၈ ဦးအား ရေဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး လိုင်ဗားရေလှောင်တမံမှ ပိုက်လုံးဖြင့် ရေသွယ်ယူပေးရန် အစီအစဉ် မရှိပါကြောင်း ဒုတိယ၀န်ကြီး ဖြေကြားသည်။  



ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ဖလမ်းမြို့ပေါ်တွင် ရေ အလုံအလောက် ရရှိနိုင်ရန် အတွက် လိုင်ဗားရေလှောင်တမံမှ ပိုက်လုံးကြီးများဖြင့် ရေသွယ် ယူနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင် ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။
အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင် မြို့နယ် မိညိုထောင့် ကျေးရွာ ကမ်းပိုင်(ရေချိုတမံ)ကို ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက မိညိုထောင့်ကျေးရွာ ကမ်းပိုင် (ရေချိုတမံ)သည် ရသေ့တောင်မြို့နယ် မေယုတောင်ခြေ ရင်းအနီးရှိ ဆိပ်ကြီးချောင်းနှင့်  တစ်ဆက်၊ တစ်စပ်တည်း တည်ရှိပြီး ဒေသခံပြည်သူ လူထုအတွက် အမှန် တကယ် အကျိုးပြုပါက မြေပြင်အခြေအနေကို ကွင်းဆင်းစိစစ်၍ တည်ဆောက်မည့် ကုန်ကျစရိတ်နှင့် အသေး စိတ် အချက်အလက်များအား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ၌ ဦးစားပေး အလိုက် လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ထို့နောက် မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က ဖတ်ကြား တင်ပြရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော် အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို မေ ၂၇ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment