Wednesday, April 27, 2016

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိ



၂၀၁၆ခုနှစ်၊ ဧပြီလ ၂၇

Nava Andaman Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အင်္ဂလန်နိုင်ငံသား (၁)ဦးနှင့် စက်လှေဝန်ထမ်း(၉)ဦးပါဝင်သော S/y FIDELIS စက်တပ်ရွက်လှေသည် အိန္ဒိယနိုင်ငံ ပို့ဘလဲယားဆိပ်ကမ်းမှ ဧပြီ(၅)ရက်က ထွက်ခွာလာရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ဧပြီ(၇)ရက်က ရောက်ရှိခဲ့ပြီး အဆိုပါ အဖွဲ့သည် ရန်ကုန်- ပုဂံ- အင်းလေး ဒေသများသို့ သွားရောက်လေ့လာကာ ဧပြီလ (၂၀) ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားသည်။


ထို့အတူ Osuga Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဗြိတိန် နိုင်ငံသား(၂)ဦးသည် မော်တော်ဆိုင်ကယ်(၂)စီးဖြင့် ဧပြီ(၂)ရက်မှ (၁၄)ရက်အထိလည်းကောင်း၊ မင်္ဂလာရှုခင်းခရီးသွား Co., Ltd၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန် နိုင်ငံသား (၃)ဦးသည် မော်တော်ယာဉ်(၁)စီးဖြင့် ဧပြီ(၃)ရက်မှ (၁၃)ရက်အထိလည်းကောင်း၊ အမေရိကန်နိုင်ငံသား (၇)ဦးပါဝင်သော မော်တော်ယာဉ် (၂)စီးသည် ဧပြီ(၁၀) ရက်မှ (၁၃) ရက်အထိလည်းကောင်း၊ Thanakha Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံသား (၁၅) ဦးသည် အိပ်စင်ပါ မော်တော်ယာဉ် (၅)စီး၊ မော်တော်ဆိုင်ကယ်(၁)စီးဖြင့် ဧပြီ(၅) ရက်မှ (၁၇) ရက်အထိလည်းကောင်း၊ Myanmar Senses Family Travels & Tours Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုဖြင့် ပြင်သစ်နိုင်ငံသား (၆) ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် (၂) စီးဖြင့် ဧပြီ(၅)ရက်မှ (၁၈) ရက်အထိလည်းကောင်း မြန်မာနိုင်ငံ၏ နယ်စပ် ဝင်ပေါက်များဖြစ်သော မြဝတီ၊ တမူး၊ မှုဆယ် နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်/ထွက်ခွာပြီး တမူး၊ ကလေး၊ မုံရွာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ လားရှိုး၊ မူဆယ်၊ နေပြည်တော်၊ ရန်ကုန်၊ ကျိုက်ထီးရိုး၊ ဘားအံ၊ မြဝတီမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။


ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် သာယာလှပသော သဘာဝရေမြေတောတောင် ရှုခင်း အလှများ၊ရိုးရာဓလေ့ထုံးစံများကို သိရှိခံစားလို၍ အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ တဆင့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် နယ်စပ်ဖြတ်ကျော်ခရီးစဉ်များဖြင့် လာရောက်လည်ပတ်မှုမှာ  တိုးတက်များပြားလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment