Wednesday, April 27, 2016

မိုးနည်းရေရှားဒေသများ၏ သောက်သုံးရေရရှိရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများဆွေးနွေး



နေပြည်တော် ဧပြီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ နံနက်(၁၀)နာရီတွင်  ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mr.Chri stian Ludwig Weber Lortsch အား တွေ့ဆုံပြီး မွေးမြူရေးလုပ်ငန်းနှင့် ရေလုပ်ငန်း များတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတို့တွင် ပူးပေါင်းကူညီဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးကြသည်။


အလားတူ မွန်းလွဲ(၂)နာရီတွင်  UN-Habitat Country Programme Manager, Mr. Bijay Karmacharya အားတွေ့ဆုံ၍ မိုးနည်းရေရှားဒေသများ သောက်သုံးရေရရှိရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မည့်အစီအမံများနှင့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များကို ဆွေးနွေးကြသည်။


ထို့အတူ ယနေ့ နံနက်(၁၀)နာရီတွင် Daewoo ကုမ္ပဏီလီမိတက်မှ Senior Vice President & Managing Director, Mr. WON, Yoo Joon နှင့် ဒါရိုက်တာ Mr. KANG, Sang Jin တို့အား တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးကြပြီး နံနက်(၁၁)နာရီတွင် သြစတြေးလျ နိုင်ငံသံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့်အဖွဲ့အားတွေ့ဆုံ၍ သားငါး ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် နှစ်ဘက်အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    

No comments:

Post a Comment