Wednesday, April 27, 2016

တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေးဆွေးနွေး


နေပြည်တော် ဧပြီ ၂၇

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် အင်ဒိုနီးရှား  သံအမတ်ကြီး   H.E. Mr. Ito Sumardi နှင့် အဖွဲ့အား  ယနေ့နံနက်(၉) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌  တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ဆေး အပါအဝင် တိရစ္ဆာန်ရောဂါကာကွယ်ဆေးနှင့် တိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များ၊ မြန်မာ-ဂျာမဏီ- အင်ဒိုနီးရှား Trilateral Cooperation အဖြစ်ဆောင်ရွက်ပေးလျက်ရှိသည့် Vocational Training များထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဆေးဝါး ထုတ်လုပ်မှု ဆိုင်ရာနည်းပညာများ လွှဲပြောင်းရရှိရေးနှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သည့် စက်ရုံများလာရောက် ရင်းနှီဂမြှုပ်နှံ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ 

No comments:

Post a Comment