Wednesday, April 27, 2016

ပြန်ကြားရေးဝန်ကြီး ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ်အား တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ် မစ္စစ် ရေနာတာ ဒေဆာလျံနှင့် ယနေ့မွန်းလွဲ(၂)နာရီတွင် ပြန်ကြားရေးဝန်ကြီးရုံး၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment