Wednesday, April 27, 2016

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံ


နေပြည်တော် ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည်   ဂျာမနီနိုင်ငံ   သံအမတ်ကြီး H.E Mr. Christian-Ludwig Weber-Lortsch? သြစတြေးလျနိုင်ငံ သံအမတ်ကြီး  H.E Mr. Nicholas Coppel နှင့်  World Food Programme (WFP)rS Country Director and Representative ဖြစ်သူ Mr. Dom Scalpelli  တို့နှင့် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံပြီး   ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍   ဆွေးနွေးညှိနှိုင်းကြသည်။



ဧပြီ(၂၁)ရက် နေ့လည် (၂)  နာရီတွင်   ကနေဒါသံနိုင်ငံအမတ်ကြီး H.E. Mr. Mark McDowell နှင့် ညနေ (၄) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံအမတ်ကြီး H.E. Mr. Peter Lysholt Hansen နှင့် အဖွဲ့အားလည်းကောင်း၊ ဧပြီ (၂၂) ရက် နံနက် (၁၀) နာရီတွင်   ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊  နံနက် (၁၁) နာရီတွင်   ကိုးရီးယားသံအမတ်ကြီး H. E. Mr. Lee Baek Soon၊ နေ့လည် (၁) နာရီတွင် Asia Development Bank-ADB ၏ Myanmar Resident Mission မှ Country Director Dr. Winfried F. Wicklein နှင့် နေ့လည် (၃) နာရီတွင်  ဘရာဇီးသံအမတ်ကြီး H.E. Mr. Alcides G.R.Prates တို့အားလည်းကောင်း နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပညာရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment