Saturday, March 5, 2016

မြန်မာ့ရုပ်မြင်သံကြားသို့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ လွှဲပြောင်းပေးအပ်


ရန်ကုန် မတ် ၎

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Korean TV တို့အကြား ရုပ်သံအစီ အစဉ်များ မိတ်ဆက်ခြင်းနှင့် ဇာတ်လမ်းတွဲများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။


ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးက ''ယနေ့ ကျင်းပတဲ့ အခမ်း အနားဟာ KOFICE နဲ့ YTN က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနကို ဒရမ်မာဇာတ်လမ်းတွဲနှစ်ခုနဲ့ သိပ္ပံ မှတ်တမ်းရုပ်ရှင်လေးခုကို လှူဒါန်းတဲ့အခမ်းအနား ဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်ကတော့ သိပ္ပံနဲ့ ပတ်သက်တာတွေ၊ ကိုရီးယား အစားအသောက်၊ ယဉ်ကျေးမှုသမိုင်းကြောင်းနဲ့ ပတ်သက်တာတွေပါတယ်။ ယခင်ကတော့ KBS ရုပ်သံ လိုင်းက လှူဒါန်းတာရှိတယ်။ အခု KOFICE နဲ့ YTN က ပထမဆုံးအကြိမ် လှူဒါန်းတာဖြစ်တယ်။

ဇာတ်လမ်းတွဲတွေက အလွန်ကောင်းပါတယ်။ လူငယ်တွေ စိတ်ဝင်စားလောက်တဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။ မြန်မာဘာသာပြန် စာတန်းထိုးတာတွေလုပ်ပြီး ဧပြီလ ကုန်ခါနီးလောက်မှာ ပြဖြစ်ပါမယ်''ဟု ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ် ကြီးMr.Lee Baek Sun က မြန်မာ့ရုပ်မြင်သံကြားဌာနသို့ ဇာတ်လမ်းတွဲများ ပေးအပ်ရခြင်းအတွက် ဝမ်းမြောက် စကားပြောကြားသည်။

ထို့နောကKOFICE မှ ဒါရိုက်တာMr. Kim Deuk Jung က ''ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအရရော၊ စီးပွားရေး၊ နိုင်ငံရေးအရပါ အများကြီးဆက်ဆံမှုရှိတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒီတစ်ခေါက် ဒရမ်မာ ကားနှစ်ကားပံ့ပိုးရတာဟာ ကိုရီးယား-မြန်မာ ပိုပြီး ချစ်ကြည် ရင်းနှီးမှုတွေရှိလာဖို့အတွက် ရည်ရွယ်ပါတယ်။ ရှေ့ လျှောက်လည်းလုပ်ငန်းတွေအများကြီး ပူးပေါင်းဆောင် ရွက်ဖို့ မျှော်လင့်ထားပါတယ်''ဟု ပြောသည်။

ဆက်လက်၍ YTN Science မှ ဒါရိုက်တာ Mr. Kim Jang Ha က ယခုကဲ့သို့ YTN Science ၏ သိပ္ပံကဏ္ဍအသံလွှင့်ခြင်း Contents များအား အရှိန် အဟုန်ဖြင့် တိုးတက်လျက်ရှိသည့် မြန်မာနိုင်ငံ MRTV သို့ လက်ဆင့်ကမ်းခွင့်ရသည့်အတွက် အလွန်ပင် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေး၊ KOFICE နှင့် YTN Science မှ တာဝန်ရှိသူများက စာချုပ်များအပြန်အလှန်ပေးအပ်ကြ ပြီး လှူဒါန်းသည့် ဒရမ်မာဇာတ်လမ်းတွဲနှင့် သိပ္ပံမှတ်တမ်း အစီအစဉ်လေးခု၏ နမူနာအပိုင်းများပြသသည်။


ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာ-ကိုရီးယား ဆက်ဆံရေးများ ပိုမိုတိုးတက်လာခြင်းနှင့် နှစ်နိုင်ငံသိပ္ပံ ဆိုင်ရာကဏ္ဍ၊ အသံလွှင့်ခြင်းဆိုင်ရာကဏ္ဍတို့၏ တိုးတက် မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment