Friday, March 25, 2016

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် မြန်မာနိုင်ငံ ဆိုင်ရာ စင်္ကာပူ သံရုံးမှ ဒုတိယ သံရုံးအကြီးအကဲ/ သံမှူးကြီးMr. KOH CHEE CHIAN အား တွေ့ဆုံ


နေပြည်တော်၊ မတ်လ-၂၅
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ ဒုတိယသံရုံး အကြီးအကဲ/သံမှူးကြီး Mr. KOH CHEE CHIANအားယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာ ဆောင်အမှတ် (I-2) ဥက္ကဋ္ဌရုံးခန်း၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ လွှတ်တော်များရှိ လွှတ်တော် ကိုယ်စားလှယ်များအချင်းချင်း လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ကော်မတီအတွင်းရေးမှူး ဦးစတီဖန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိပုဂ္ဂိုများလည်းတက်ရောက်ကြသည်။





No comments:

Post a Comment