Friday, March 25, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်၊ မတ် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူထံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း အဆိုပြုတင်သွင်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်း၊ နယ်နိမိတ်ဧရိယာ ပြင်ဆင်ခြင်းနှင့် အမည် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်း ခြင်း တို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကရင် ပြည်နယ် မြ၀တီမြို့တွင် ရပ်ကွက် ၅ ရပ်ကွက် အမည်ပြောင်းလဲပြင် ဆင် ဖွဲ့စည်းပြီး ရပ်ကွက် ၂ ရပ်ကွက် တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ဘားအံခရိုင် ဘားအံမြို့နယ် စံဖရီးကျေးရွာ အုပ်စုတွင် ငြိမ်းချမ်းသာယာ ကျေးရွာတစ်ရွာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကန့်ဘလူ ခရိုင်နှင့် ရွှေဘိုခရိုင်ကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကျေးရွာ ၃၂ ရွာ တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် ရပ်ကွက်တစ်ရပ်ကွက်၊ ကျေးရွာတစ်ရွာ နယ်နိမိတ် ဧရိယာ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တွင် ရပ်ကွက် ၄ ရပ်ကွက် ပါဝင်သော ရေနီမြို့နှင့် ရပ်ကွက်၅ ရပ်ကွက် ပါဝင်သော မြို့လှမြို့တို့ကို တိုးချဲ့ဖွဲ့စည်းပြီး ကျေးရွာ အုပ်စု ၃ အုပ်စုနှင့် ကျေးရွာ ၂၃ ရွာကို ပယ်ဖျက်ခြင်းနှင့် ပဲခူးခရိုင် က၀မြို့နယ်တွင် အောင် ပင်သာကျေးရွာ အုပ်စု တစ်အုပ်စု တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊နောင်လကျေးရွာအုပ်စုနှင့် ထီဖောင်းကျေး ရွာ အုပ်စု တို့မှ စုစုပေါင်းမြေဧရိယာ ၃၉၈ ဒသမ ၃၄၄ ကို တောင်ကြီးမြို့ နယ်နိမိတ်ဧရိယာ အတွင်းသို့ လည်းကောင်း၊ ဘန့်ကွေးကျေးရွာအုပ်စု မှ မြေဧရိယာ ၃၄ ဒသမ ၁၄ ဧကကို အေးသာယာမြို့ နယ်နိမိတ်ဧရိယာ အတွင်းသို့လည်းကောင်း ထည့်သွင်းဖွဲ့စည်းခြင်းနှင့် နောင်လေ၊ ထီဖောင်းနှင့် ဘန့်ကွေးကျေးရွာအုပ်စု နယ်နိမိတ်ဧရိယာများ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း ပုသိမ်ခရိုင် ငပုတောမြို့၌ ရပ်ကွက် ၂ ရပ်ကွက် တိုးချဲ့ဖွဲ့စည်းခြင်း၊ ကျေးရွာ ၃ ရွာ ပယ်ဖျက်ခြင်း၊ ရပ်ကွက် တစ်ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်အုပ်စု နယ်နိမိတ်ဧရိယာပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ကျေးရွာအုပ်စု တစ်အုပ်စု အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်း၊ ဟင်္သတခရိုင် လေးမျက်နှာမြို့နယ်တွင် ခတ္တူနှင့် သောင် ဘုတ်ကျေးရွာအုပ်စု ၂အုပ်စု တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၄ တို့နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးလှသိန်း၊ အဖွဲ့ဝင်များ အဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့် တို့ပါဝင်သော စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းနိုင် ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက မတ် ၂၄ ရက် တွင် ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြုတင်ပြထားကြောင်း အသိပေးကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏အမည်စာရင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မတ် ၂၆ ရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက် နေ့ကို မတ် ၂၈ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment