Friday, March 25, 2016

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်း

နေပြည်တော်၊ မတ် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ထံမှ အဆိုပြုထား သည့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကိုအဆိုပြုတင်ပြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ဥက္ကဋ္ဌအဖြစ် ဦးလှသိန်း၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့် တို့ပါဝင်သော အဖွဲ့ဝင်(၅)ဦးဖြင့် ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်ပြ သည်။

No comments:

Post a Comment